Daiichi Life

Daiichi Health CARE

Daiichi Health CARE သည် သာမန်ကျန်းမာရေးစောင့်ရှောက်မှုထက်ပိုသော နှစ်စဥ်သက်တမ်းတိုးသွားနိုင်တဲ့ ကျန်းမာရေးအာမခံတစ်ခုအပြင် သင့်မိသားစုဝင်တွေကိုပါ စိတ်ချမ်းသာမှုပေးစွမ်းနိုင်မည့်အာမခံဖြစ်ပါသည်။ ပြည်တွင်းမှာသာမကပြည်ပနိုင်ငံများတွင်မှာပါ ဆေးရုံတက်စဥ်ကုသမှု၊ ဆေးရုံမတက်မီနှင့် ဆေးရုံဆင်းပြီးကုသမှုများ၊ ပြင်ပလူနာဌာနတွင်ပြသကုသမှုများစသည့်ဝန်ဆောင်မှုများအတွက် ငွေကြေးကာကွယ်မှုရရှိနိုင်မည့်အပြင် ကိုယ့်ကျန်းမာရေးကိုဂရုစိုက်နေထိုင်မယ်ဆိုပါကလည်း နှစ်စဥ်ကျန်းမာ‌ရေးဆုလာဘ်ကိုပါခံစားခွင့်ရရှိမှာဖြစ်ပါသည်။ အခုပဲမိမိနှင့်ကိုက်ညီတဲ့အာမခံအစီအစဥ်ကိုလွယ်ကူစွာ ရွေးချယ်ဝယ်ယူနိုင်ပြီး သင့်ဘဝကိုစိတ်ကြိုက်ပုံဖော်လိုက်ပါ။  

ကျွန်တော်တို့ Daiichi Health CARE ကို ဝယ်ယူသင့်သည့်အချက်များ

စိတ်အေးချမ်းသာယာမှုရရှိခြင်း

သင်နဲ့သင်ချစ်ခင်ရသူများအား ဆေးကုသမှုများအားလုံးအတွက်ငွေကြေးအရကာကွယ်မှုအပြည့်အဝပေးခြင်း

ငွေကြေးဆိုင်ရာအာမခံချက်ရှိခြင်း

ကျန်းမာရေး စစ်ဆေးကုသမှုဆိုင်ရာ ကိစ္စရပ်များအားလုံးအတွက် အကောင်းဆုံးကုသ ‌စောင့်ရှောက်မှုကိုရယူနိုင်ခြင်း

လိုအပ်ချက်အလိုက် အပြောင်းအလဲ ပြုလုပ်နိုင်ခြင်း

မိမိဘတ်ဂျက်နှင့်ကိုက်ညီသော ကျန်းမာရေးစစ်ဆေးကုသမှုဆိုင်ရာ လိုအပ်ချက်များအလိုက်အာမခံအစီအစဥ်ကို လိုအပ်သလိုပြောင်းလဲရွေးချယ်နိုင်ခြင်း​

စိတ်အေးချမ်းသာယာမှုရရှိခြင်း

သင်နဲ့သင်ချစ်ခင်ရသူများအား ဆေးကုသမှုများအားလုံးအတွက်ငွေကြေးအရကာကွယ်မှုအပြည့်အဝပေးခြင်း

ငွေကြေးဆိုင်ရာအာမခံချက်ရှိခြင်း

ကျန်းမာရေး စစ်ဆေးကုသမှုဆိုင်ရာ ကိစ္စရပ်များအားလုံးအတွက် အကောင်းဆုံးကုသ ‌စောင့်ရှောက်မှုကိုရယူနိုင်ခြင်း

လိုအပ်ချက်အလိုက် အပြောင်းအလဲ ပြုလုပ်နိုင်ခြင်း

မိမိဘတ်ဂျက်နှင့် ကိုက်ညီသော ကျန်းမာရေးစစ်ဆေးကုသမှုဆိုင်ရာ လိုအပ်ချက်များအလိုက် အာမခံအစီအစဥ်ကို လိုအပ်သလို ပြောင်းလဲရွေးချယ်နိုင်ခြင်း​

အာမခံထားရှိရန်အတွက် လိုအပ်သည့်အချက်များ

အာမခံထားရှိနိုင်မည့်အသက်အပိုင်းအခြား
အသက် ၅ နှစ်မှ ၆၀ နှစ် ( ၇၅ နှစ်အထိသက်တမ်းတိုးနိုင်သည်။)​
အာမခံ ပေါ်လစီ သက်တမ်း
နှစ်စဥ်သက်တမ်းတိုးနိုင်ခြင်း ​
နှစ်စဥ်ကန့်သတ်ချက်ပမာဏ
အနည်းဆုံး ငွေကျပ် သိန်း ၅၀ မှ​
အာမခံအကျိုးခံစားခွင့်များ
  • ပြီးပြည့်စုံသော ကျန်းမာရေးဆိုင်ရာ ကုသမှု အကာအကွယ်
    1. ဆေးရုံတက်စဥ် ကုသမှုများ (နေ့စဥ်အခန်းစရိတ်၊ အထူးကြပ်မတ်ကုသဆောင်စရိတ်နှင့် အထွေထွေဆေးရုံစရိတ်များ)
    2. ဆေးရုံမတက်မီ နှင့် ဆေးရုံဆင်းပြီးနောက် ကုသမှုများ (ဆေးရုံမတက်မီ ပြသကုသခြင်းများနှင့် ရောဂါရှာဖွေ/ဓာတ်ခွဲခန်း ဝန်ဆောင်မှုများ၊ ဆေးရုံဆင်းပြီး နောက်ဆက်တွဲ ကုသမှုများနှင့် ရောဂါရှာဖွေ/ဓာတ်ခွဲခန်း ဝန်ဆောင်မှုများ)
    3. ပြင်ပလူနာဌာနတွင် ဆေးကုသမှုများ (နေ့ခွဲစိတ်မှု၊ မတော်တဆမှုအတွက် အရေးပေါ် ပြင်ပလူနာဌာနတွင် ကုသမှု၊ မတော်တဆမှုအတွက် အရေးပေါ် ပြင်ပလူနာဌာနတွင် သွားနှင့်ခံတွင်း ကုသမှု၊ ပြင်ပလူနာဌာနတွင် ကျောက်ကပ်ဆေးခြင်း၊ ပြင်ပလူနာဌာနတွင် ကင်ဆာဆေးသွင်း ကုသခြင်း)
  • သေဆုံးခြင်းအကျိုးခံစားခွင့်
  • ကျန်းမာခြင်းအကျိုးခံစားခွင့်*
​အခြားအကျိုးခံစားခွင့်များ
  • ငွေသားမလိုဘဲ ဆေးကုသမှု ခံယူနိုင်ခြင်း*
  • ပြည်ပနိုင်ငံများတွင် ဆေးကုသမှု ခံယူနိုင်ခြင်း*
ငွေသားမလိုဘဲဆေးကုသမှုခံယူနိုင်မည့် နိုင်ငံများ
  • မြန်မာ၊ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ (ကုသမှုခံယူနိုင်မည့် ဆေးရုံစာရင်းကို ယခုလင့်မှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။)*

*သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းချက်များရှိသည်။

ငွေသားမလိုဘဲဆေးကုသမှုခံယူနိုင်မည့်ဆေးရုံများ

သင့်အတွက် မည်သည့်အာမခံအစီအစဉ်က အကောင်းဆုံးဖြစ်နိုင်မလဲဆိုတာ ဝေခွဲမရဖြစ်နေပါသလား။

မည်သည့်အာမခံအစီအစဉ်က သင်နှင့် အသင့်တော်ဆုံးဖြစ်မလဲဆိုတာ ကျွန်တော်တို့၏ Financial Planner များမှ အကြံဉာဏ်ပေးပါရစေ။

Let's Connect Update MM