Daiichi Life

Daiichi Credit Life

Daiichi Credit Life

ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုကို တည်ဆောက်ရန် ကြိုးစားနေစဉ် မျှော်လင့်မထားတဲ့ အခြေအနေများနဲ့ ကြုံတွေ့လာရတဲ့အခါ မိသားစုအတွက် သင်ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေကို ထားရစ်နိုင်ဖို့နဲ့ ချေးငွေပြန်ဆပ်ခြင်းဆိုင်ရာ ငွေကြေးပြဿနာတွေကြောင့် မိသားစု ပူပန်သောက မရောက်ရဖို့ကလည်း အရေးကြီးပါတယ်။ 

Daiichi Credit Life က သေဆုံးခြင်း (သို့မဟုတ်) ထာဝရ မသန်စွမ်းဖြစ်ခြင်း ဖြစ်ပေါ်လာတဲ့အခါ ငွေကြေးကာကွယ်မှုပေးထားနိုင်သည့်အတွက် ကျန်ရှိနေတဲ့ ချေးငွေဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ပြီး သင့်မိသားစုအတွက် စိတ်အေးချမ်းမှုနဲ့အတူ အနာဂတ်အတွက် အခွင့်အလမ်းသစ်တွေကို ဆက်လက်ပုံဖော်နိုင်ပါတယ်။ 

ကျွန်တော်တို့ Daiichi Credit Life ကို ဝယ်ယူသင့်သည့်အချက်များ

စိတ်အေးချမ်းသာမှု ရရှိစေခြင်း

ချေးငွေအာမခံကို ရယူခြင်းဖြင့် ရုတ်တရက် သေဆုံးခြင်း (သို့) ထာဝစဥ် မသန်စွမ်းဖြစ်ခြင်း တွေ့ကြုံလာရသည့်အခါ သင့်မိသားစုအား ချေးငွေပြန်ဆပ်ခြင်းဆိုင်ရာဝန်ထုတ်ဝန်ပိုးမှ အကာအကွယ်ပေးနိုင်ပါသည်။

ငွေကြေးဆိုင်ရာ အကာအကွယ်ရှိခြင်း

သင့်လိုအပ်ချက်များပေါ်မူတည်၍ သင့်မိသားစု၏ ထိုက်တန်သော ကာကွယ်မှုရရှိစေရန် ကူညီဆောင်ရွက်ပေးနိုင်ပါသည် ။

အခွန်သက်သာခွင့်ရှိခြင်း

ပေးသွင်းထားသော ပရီမီယံကြေးအားလုံးအတွက် ဝင်ငွေခွန်သက်သာခွင့် အကျိုးခံစားခွင့်ရရှိခြင်း (အခွန်ဥပဒေစည်းမျဥ်းစည်းကမ်းများနှင့်အညီ)

စိတ်အေးချမ်းသာမှု ရရှိစေခြင်း

ချေးငွေအာမခံကို ရယူခြင်းဖြင့် ရုတ်တရက် သေဆုံးခြင်း (သို့) ထာဝစဥ် မသန်စွမ်းဖြစ်ခြင်း တွေ့ကြုံလာရသည့်အခါ သင့်မိသားစုအား ချေးငွေပြန်ဆပ်ခြင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးမှ အကာအကွယ်ပေးနိုင်ခြင်း

ငွေကြေးဆိုင်ရာ အကာအကွယ်ရှိခြင်း

သင့်လိုအပ်ချက်များပေါ်မူတည်၍ သင့်မိသားစု၏ ထိုက်တန်သော ကာကွယ်မှုရရှိစေရန် ကူညီဆောင်ရွက်ပေးနိုင်ခြင်း

အခွန်သက်သာခွင့်ရှိခြင်း

ပေးသွင်းထားသော ပရီမီယံကြေးအားလုံးအတွက် ဝင်ငွေခွန်သက်သာခွင့် အကျိုးခံစားခွင့်ရရှိခြင်း

အာမခံထားရှိရန်အတွက် လိုအပ်သည့်အချက်များ

Daiichi Credit Secure – သင်၏ချေးငွေအတွက် အကာအကွယ်ပေးခြင်း

အာမခံထားရှိနိုင်မည့် အသက်အပိုင်းအခြား
၁၈ နှစ်မှ ၆၂ နှစ် (အကျိုးခံစားခွင့်ရရှိနိုင်သော အများဆုံး အသက်သတ်မှတ်ချက် ၆၅ နှစ်အထိ)
အာမခံပေါ်လစီသက်တမ်း
၃ နှစ် မှ ၁၅ နှစ်
အာမခံထားရှိနိုင်သည့်ငွေပမာဏ
ငွေကျပ် (၁၀) သိန်း မှ စ၍
ရွေးချယ်နိုင်သော အကျိုးခံစားခွင့် အစီအစဥ်များ
အာမခံထားသောငွေကို တဖြည်းဖြည်းလျှော့ချခြင်းအစီအစဉ်
သေဆုံးခြင်း (သို့) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအကျိုးခံစားခွင့်
အသက်သေဆုံးချိန် (သို့) မသန်စွမ်းဖြစ်ခဲ့လျှင် အာမခံထားသောငွေကို လျှေ့ာချထားသောအာမခံဇယားအရ ကျန်ရှိသော ချေးငွေကိုပြန်ဆပ်ပေးသွားမည်ဖြစ်ပါသည်။
ပရီမီယံပေးသွင်းမှုပုံစံ
ပရီမီယံတစ်ကြိမ်ပေးပုံစံ

Daiichi Credit Safe – သင်၏ချေးငွေအတွက် ပိုမိုအကာအကွယ်ပေးခြင်း

အာမခံထားရှိနိုင်မည့်အသက်အပိုင်းအခြား
၁၈ နှစ်မှ ၆၄ နှစ် (အကျိုးခံစားခွင့်ရရှိနိုင်သော အများဆုံးအသက်သတ်မှတ်ချက် ၆၅ နှစ်အထိ)
အာမခံပေါ်လစီသက်တမ်း
၁ နှစ် မှ ၂ နှစ်
အာမခံထားရှိနိုင်သည့်ငွေပမာဏ
ငွေကျပ် (၁) သိန်း မှ စ၍
သေဆုံးခြင်း (သို့) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်

အစီအစဉ် ၁ - ပုံသေအသက်အာမခံထားသည့်ပုံစံ

  • အစီအစဉ် ၁ - ပုံသေအာမခံ ထားရှိထားသော ငွေပမာဏအတိုင်း ချေး‌‌ငွေကို ပြန်ဆပ်ပေးသွားမည်ဖြစ်ပါသည်။

အစီအစဉ် ၂ - အာမခံထားသောငွေကို တဖြည်းဖြည်းလျှော့ချသည့်ပုံစံ

  • အစီအစဉ် ၂ - သေဆုံးခြင်း (သို့) ထာဝစဉ်မသန်စွမ်းခြင်းဖြစ်ခဲ့လျှင် အာမခံထားသောငွေကို လျှေ့ာချထားသောအာမခံဇယားအရ ကျန်ရှိသော ချေးငွေကို ပြန်ဆပ်ပေးသွားမည်ဖြစ်ပါသည်။

သင့်အတွက် မည်သည့်အာမခံအစီအစဉ်က အကောင်းဆုံးဖြစ်နိုင်မလဲဆိုတာ ဝေခွဲမရဖြစ်နေပါသလား။

မည်သည့်အာမခံအစီအစဉ်က သင်နှင့် အသင့်တော်ဆုံးဖြစ်မလဲဆိုတာ ကျွန်တော်တို့၏ Financial Planner များမှ အကြံဉာဏ်ပေးပါရစေ။

Let's Connect Update MM